ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း((VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မုန့်ပေါင်းကျေးရွာနှင့်ပေါက်ကုန်းကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသာ ကျေးရွာဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများအား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။