ချောက်မြို့နယ် မြန်မာ့လယ်ယာစီးပွားရေးဘဏ်ခွဲတွင် တောင်သူများအား မိုးသီးနှံချေးငွေ ဆက်လက်ထုတ်ချေးပေး
Sep 18,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့် ကာလအတွင်း စီးပွားရေးကုစားမှုအနေဖြင့် အခက်အခဲများ အဆင်ပြေ စေရန်ရည်ရွယ်၍ မိုးစပါး စိုက်တောင်သူ ကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်က အဆိုပါ ဘဏ်ခွဲတွင် ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၆၁)ဦးအား ဧက ၃၅၄ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၃၅၄ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။