ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ်တွင် လူဦးရေ (၅၀၈၂)ဦး ထိုးနှံပြီးဖြစ်

ဆားလင်းကြီး   စက်တင်ဘာ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်း (၁၃)ရက်မြောက်နေ့အဖြစ် ယမန် နေ့ နံနက် ၈ နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ OSS ခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက် ရှိကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram)ကို ပထမအကြိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အပါအဝင် ဦးစားပေးအုပ်စုအလိုက် လူဦးရေ (၆၁၀၄)ဦးကို အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ကို စက်တင်ဘာ ၅ ရက်နေ့မှ စတင် ထိုးနှံခဲ့ရာ စက်တင်ဘာ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဒုတိယ အကြိမ်ထိုးနှံပြီးသူ(၅၀၈၂)ဦးရှိပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း Volunteer များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဥမ္မာခိုင်