ငရုတ်ကောင်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု မရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂) အတွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ရောဂါကာကွယ်ရေးဆိုင်ရာထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်ရေးနည်းလမ်းများ၊နေအိမ်ပြင်ပထွက်လျှင်ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုစနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်လုပ်ကိုင်ရန်၊လူစုလူဝေးရှောင်ကကြဉ်ရန်၊လက်ကိုစက္ကန့်(၂၀)ခန့်မကြာခဏဆေးဆပေးရန်နှင့်ကူးစက်ရောဂါပြန့်ပွားမှုအားအမြန်ကာကွယ်တားဆီးကာကွယ်ထိန်းချုပ်နိုင်ရ ရေးအတွက် ငရုတ်ကောင်းမြို့အတွင်းသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြုံးမောင်မောင်(ငရုတ်ကောင်း)