လပွတ္တာမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လပွတ္တာ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် မြို့နယ်ပြည်သူ့ဆေးရုံအဟောင်းသို့ အသက်(၆၅)အထက် ကျန်ရှိ သော ပြည်သူများ၊ စက်ရုံ အလုပ်ရုံမှ ပထမအသုပ် ၂၂၁ ဦးကို ဒုတိယအကြိမ် ဆေးထိုးပေးပြီး ဒုတိယအသုပ် ၃၀၀ ဦး၊ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ ဆေးထိုးနှံပေးလျက်ရှိပြီး မသန်စွမ်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူ များက အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ထိုးနှံပေးလျက်ရှိရာ  လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။

လပွတ္တာ (ခရိုင်ပြန်/ဆက်)