ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

မောင်တော စက်တင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးက အမှာစကားပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး၊ လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးမှ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းတွင် ဆုရရှိသူများအားဆုများ အသီးသီးပေးအပ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဝင်းမှ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ရာ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်း တက်ရောက် သင်ယူခဲ့သည့်  သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သင်တန်းတွင်  ထူးချွန်စွာပထမရရှိခဲ့သူအား စက်ချုပ် စက် တစ်လုံးအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန် ကြားရေးမှူး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာများက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသူများ၏  လက်ရာများအား အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်မှ  လိုက်လံရှင်းလင်းပြသခဲ့သည်။  အဆိုပါ သင်တန်းတွင်  အဆင့်မြင့်သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ယူခဲ့ ကြပြီး သင်တန်းသူများမှာ ကျေးလက်နေ ဒေသခံ တိုင်းရင်းသူများဖြစ်ရာ သင်တန်းကာလမှ (၁၈)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ သင်တန်းမှ ပို့ချပေးလိုက်သည့် ပညာရပ်များဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်း များရှိစေပြီး တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး