အလုံ စက်တင်ဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် အသားများ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ လက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှု စီမံခန့်ခွဲရေးဌာနမှ ဦးဆောင်သော အဖွဲ့သည် မော်တော်ယာဉ်(၃)စီးဖြင့် ယမန်နေ့ နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမရှေ့တွင် အခြေခံစားသောက် ကုန်များကိုစျေးနှုန်း သက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊
ထို့သို့ရောင်းချပေးခဲ့ရာတွင် ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများကို ရောင်းချပေးခဲ့ကြောင်း နှင့် စီပီကြက်(၁)ပိဿာ (၄၅၀ဝိ/)စျေးနှုန်းဖြင့် လည်းကောင်း၊ ဝက်သားသုံးထပ်သား(၁)ပိဿာ (၁၀၀၀ဝိ/-) စျေးနှုန်းဖြင့် လည်းကောင်း၊ အမဲသား(၁)ပိဿာ(၁၂၀၀ဝိ/-)၊ ဆိတ်သား(၁)ပိဿာ (၁၇၀၀ဝိ/-)စျေးနှုန်းဖြင့်လည်းကောင်း ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက် ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)