ဟိုပုံး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအား စက်တင်ဘာ (၁၆)ရက်နေ့မှ စက်တင်ဘာ (၃၀)ရက်နေ့အထိ ယာယီ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျေ့နည်းမှုမရှိသေးပါသောကြောင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသခြင်းများဆောင်ရွက်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ စောင့်ကြည့်ထိန်းချုပ်ရေးကော်မတီ၏ စက်တင်ဘာ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ဟိုပုံးမြို့မဈေးအား စက်တင်ဘာ (၁၆)ရက်မှ စက်တင်ဘာ (၃၀)ရက်နေ့အထိ ယာယီ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်းနှင့် ဟိုပုံးမြို့မဈေးအား ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားစဉ်ကာလအတွင်း ဇူလိုင်(၂၂)ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ဟိုပုံးမြို့နယ်တွင် စက်တင်ဘာ(၁၇)ရက်နေ့ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၇၆၀) ဦးရှိပြီဖြစ်၍ သေဆုံးသူ(၁၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မအိ