တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးပေး
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်နှံ့မှုမှ ကွင်းဆက် ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏လမ်းညွှန်မှုဖြင့် ဘုန်းတော်ကြီး ကျောင်းများတွင် အစုအဝေးဖြင့် ရှိနေသည့် သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဓာတ်ခွဲစစ်ဆေးမှုများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က တကူကျေးရွာအုပ်စု တကူကျောင်းကြီး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များကို စစ်ဆေးပေးခဲ့ကြောင်း သိရသည်။