မင်းပြား စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ဆက် လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ကစတင်ပြီး မင်းပြားမြို့နယ်၊ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်များ၌ပထမအကြိမ် ကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိ ရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးများပထမအကြိမ်ထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ၏စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်၍ကျန်းမာရေး ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ လျော့ချနိုင်ရန်အတွက်ကျန်းမာရေး ဝန်ထမ်းများကကာကွယ်ဆေးမထိုးမီလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု များဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန် တိုင်းတာ ပေးခြင်းနှင့်ပုံမှန်အနေ အထားရောက်မှသာကာကွယ်ဆေးထိုးနှံမည်ဖြစ်ကြောင်း သိရသည်။
သိန်းနုအောင်