မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအားအခြေခံ စားသောက်ကုန်များထောက်ပံ့ပေး

အထက်မင်းလှ       စက်တင်ဘာ    ၂၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား    အခြေခံစားသောက် ကုန်များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဉီးသန်းထွန်းအောင်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးရခြင်း နှင့်ပတ်သက်၍ရှင်းလင်းပြောကြား ခဲ့ပြီးမင်းလှမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၃၀ ဦးအား တစ်ဦးလျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံးထောက်ပံ့ပေး ခဲ့ကြောင်းသိရသည်။

  ဇာဇာ(အထက်မင်းလှ)