ကမမောင်း စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၊ အမှတ်(၂) ရပ်ကွက် အလက( အုန်းတော)၊အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က(၁)မူ/လွန်ကျောင်းတို့၌ ဆေးထိုးရမည့် အုပ်စု နေရာများခွဲ၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ပေးရာတွင် ကာကွယ် ဆေးထိုး နှံခြင်းမပြုမီ ပညာရေး ဝန်ထမ်းများ၊ရပ်/ ကျေးစာရေးများ၊ မြို့ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာ ပေးခြင်း၊ အမည်၊ မှတ်ပုံ တင်စာရင်း၊လိပ်စာ၊ဖုန်းနံပါတ်ရေးမှတ် ခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းဖြစ်ပြီး ၊မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အသက် ၅၅ နှစ်နှင့် အထက် အသက်ကြီး သူများနာတာရှည် ရောဂါခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဒုတိယဆေးထိုးအုပ်စုအနေဖြင့် စက်တင် ဘာ ၁၉ ရက်မှစ၍ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်(Sinopharm)ဆေးကိုဆက်လက် ထိုးနှံပေးလျှက် ရှိကြောင်းသိရသည်။
လင်းသန့်(ပြန်/ဆက်)