အထက်မင်းလှ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်၊ ပထမအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့အထိ ၇၈၁၀ ဦးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အ တွင်းရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်သောရောဂါရှိသူများ အပါအဝင် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာ၌ ဒုတိယအသုတ်၊ ပထမအကြိမ် ကာကွယ်ဆေးလုံးရေ ၁၆၂၀ လုံးရရှိ ထားကာ ဆေးတစ်လုံးလျှင်လူ ၅ ဦးထိုးနှံနိုင်ပြီး လူဦးရေ ၈၁၀၀ ဦးထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)