ဟိုင်းကြီးကျွန်း စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ၊ အမှတ်(၃)ရပ်ကွက် ၊ အ.ထ.က အဏ္ဏဝါ အခြေခံပညာအထက် တန်းကျောင်း တွင် အသက်( ၅၅ ) နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဆေးထိုးအုပ်စု (၁၆)အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအုပ်စု (ပထမအကြိမ်) ထိုးနှံခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီမှစ၍ ထိုးနှံပေးလျက် ရှိသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံပေးသူများအား အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို Volunteer များနှင့် မြို့မိမြို့ဖများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူး လွင်သူအောင် ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ၊ ပြန်/ဆက် ဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးတတိယအုပ်စု (ပထမအကြိမ်) ထိုးနှံသူ စုစုပေါင်း (၂၀၀) ဦးရှိကြောင်း သိရသည်။
နွေးနွေးအောင် (ပြန်/ဆက်)