ညောင်ဦးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင် စင်ထောက် ပံ့ပေးအပ်

 

ညောင်ဦး  စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်မှလူမှုရေးပင်စင် အဘိုး အဘွားတစ်ဦးလျှင် ကျပ်သုံး သောင်းထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ရက်၊ ယနေ့နံနက် ၁၀နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော် ရထာခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ညောင်ဦးမြို့နယ် ၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသားလူမှုရေး ပင်စင်များပေးအပ်ခြင်းဖြစ်ပြီး နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သော ဧပြီ၊မေ၊ဇွန်လ များအတွက်သုံးလစာ အဘိုးအဘွား တစ်ဦးလျှင်ငွေကျပ် သုံးသောင်းကျပ်ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်ပြော ကြားသည်။ ပြီးနောက် ညောင်ဦးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်တင်တင်စိန် (လက်ထောက်ညွှန်ကြားရေးမှူး)မှ ညောင်ဦးမြို့နယ် အတွင်းရှိ ပုဂံ၊ငါ့သရောက်၊ ညောင်ဦးမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုးအဘွား ၁၅၀၃ ဦးအတွက် တစ်ဦးလျှင်သုံးသောင်း ကျပ် လူမှုရေးပင်စင်ထောက်ပံ့ရာ (၄၅၀၉၀၀၀၀)ကျပ်၊ ကျပ်သိန်းလေးရာ ငါးဆယ်ကိုး သောင်းကျပ် တိတိကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံထပ်ဆင့်ပေးအပ်သည်။

ထောက်ပံ့ငွေပေးအပ်ခြင်းများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများ၏နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက်ဂါဝရပြုပေးအပ် လျှက်ရှိကြောင်းသိရသည်။

ကိုထိန်၊KPD