ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၆၀၀ အား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ကောလင်း စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၆၀၀ အား  အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်ပြီး ကောလင်းမြို့နယ်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများက  ထိုးနှံပေးခဲ့သည်။

ကောလင်းမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၆၀၀ အား  အသက်(၅၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား စက်တင်ဘာ ၁၉ ရက်နေ့မှစတင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ အထိ ကိုဗစ်-၁၉ ပထမအကြိမ်ထိုးနှံပြီးသူ အမျိုးသား(၅၅၉)ဦး၊ အမျိုးသမီး(၈၂၆)ဦး၊ စုစုပေါင်း (၁၃၈၅)ဦးအထိ ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ၁ လုံးလျှင် ၅ ယောက်နှုန်းဖြင့် အလုံးရေး ၆၀၀ ကို လူဦးရေ ၃၀၀၀ အား စက်တင်ဘာ ၂၇ရက်နေ့အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပြီးသူများအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြန်လည် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီမှ သိရသည်။  

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးနေမှု့အား ကောလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)