သတင်းများ

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Sep 22,2021
၂၀၂၁ ခုနှစ် စက်တင်ဘာလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန်အတွက် ယမန်နေ့ နံနက်ပိုင်း မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို (ဒုတိယ)နေ့အဖြစ် ဆက်လက် ထုတ်ပေး လျက်ရှိ
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ မြန်မားစီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေး လျက်ရှိသည်။
အောင်မြေသာစံမြို့နယ်တွင် အသက်(၅၅)နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးကို ပထမအကြိမ် စတင်ထိုးနှံပေး
Sep 22,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ရှိသူများအား ယနေ့နံနက် ၈နာရီက မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးကို ပထမအကြိမ် စတင်ထိုးနှံပေးသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ်အား လူဦးရေ ၈၁၀၀ ဦး ထိုးနှံပေးပြီးဖြစ်
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့က စတင်ထိုးနှံပေး လျက်ရှိရာ ယမန်နေ့အထိ လူဦးရေ ၈၁၀၀ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်း၌ တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံသို့ တစ်ရက်လျှင် (၄၀) လီတာအိုး(၁၅၀) အိုး အထက်ရရှိမည့် အောက်ဆီဂျင်စက်ရောက်ရှိ
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီများ ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်း အတွင်း၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက် နေသည့် အဆောက်အဦးအတွင်းကို ယနေ့ နံနက်ပိုင်းက တစ်ရက်လျှင် (၄၀) လီတာအိုး(၁၅၀) အိုး အထက်ရရှိမည့် အောက်ဆီဂျင် စက်ရောက်ရှိခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံရောက်ရှိ၍ ဒုတိယအသုတ် ပထမအကြိမ် အဖြစ် လူဦးရေ(၁၂၅၆၅)ဦးအား ဆက်လက်ထိုးနှံပေး
Sep 22,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဦးစား ပေးအစီအစဉ်အလိုက် ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် သတ်မှတ်နေရာများ၌ ပထမအကြိမ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးများ ယမန်နေ့က ထပ်မံရောက်ရှိလာ၍ လူဦးရေ(၁၂၅၆၅)ဦးအား ဆက်လက် ထိုးနှံပေးလျက်ရှိပြီး စက်တင် ဘာလ(၂၁)ရက်နေ့အထိ (၇၉၇၀)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုဘဝတိုးတက်စေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆၁)စုံကို ယနေ့ နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က လိုက်လံပေးအပ်လျက်ရှိ ကြောင်း သိရှိရသည်။
အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များ နေ့စဉ်တင်ဆက်ပေးလျက်ရှိ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေစဉ် ရိုက်ကူးတက်ဆက်ပေးလျက်ရှိကြောင်း သိရသည်။