ဘိုကလေးမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးကိစ္စရပ်များ စစ်ဆေး ဆောင်ရွက်နေ

ဘိုကလေး စက်တင်ဘာ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့အဝင်အထွက် ဂိတ်များ ဖြစ်ကြသည့် နတ်ချောင်းဂိတ်နှင့် သာပေါင်းဂိတ်များတွင် မြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးနှင့် ရာဇဝတ်မှုကျူးလွန်သူများ ဝင်ရောက်ခိုလှုံမှုမရှိစေရေးတို့အတွက် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များပူးပေါင်းကာ လုံခြုံရေးကိစ္စရပ်များ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

စစ်ဆေးရာတွင် နေ့စဉ်နံနက်(၆)နာရီမှ ည(၇)နာရီအထိ ဂိတ်များတွင် ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များအား အများပြည်သူအတွက် အန္တရာယ်ရှိနိုင်သည့် ဒုတ်၊ ဓါး၊ ဂျင်ကလိ၊ လက်လုပ်သေနတ်နှင့် လက်နက်ကိရိယာများ သယ်ဆောင်ခြင်းရှိ/ မရှိ၊ ဉပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများသယ်ဆောင်ခြင်း၊ရာဇဝတ်မှုကျူးလွန်သူများ လိုက်ပါခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးဆောင်ရွက်မှုများ ကိုလည်း မှတ်တမ်းထားရှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်