သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

သံတောင်ကြီး  စက်တင်ဘာ ၂၂

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနိုးဆော်မှုများအား ယနေ့ နံနက်ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  မြန်မာ ဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည် များလက်မခံရန် နှင့် အခြားသူများထံသို့ သွားရောက် မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင် ထွက်ပါက လူတိုင်း Maskကို စနစ် တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန် ၊လက်မဆေးဘဲ ပါးစပ် ၊နှာခေါင်း နှင့် မျက်စိတို့ကို ပွတ်သပ်ကိုင် တွယ်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသောအခန်း၌သာနေထိုင်ရန် ၊ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက် ခံရပါက ဝေဒနာပြင်း ထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင်လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


 

မြို့နယ်(ပြန်/ဆက်)