ဘိုကလေး စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လည်ပိုင်း၌ အမှတ်(၈)ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်းဖြင့် အမှန်တစ်ကယ် လိုအပ်လျက်ရှိသည့် အိမ်ထောင်စု (၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရပ်ကွက်များရှိ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
မိုးစက်