သတင်းများ

သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းအတွက် ပြင်ဦးလွင်အခမဲ့နာရေးကူညီမှု အသင်းမှ ဒုတိယအကြိမ် အောက်ဆီဂျင်အလုံးရေ (၃၀)ကူညီဖြည့်ဆည်း
Sep 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းအတွက် လိုအပ်သော အောက်ဆီဂျင်အလုံးရေ (၃၀)ကို ပြင်ဦးလွင် အခမဲ့နာရေးကူညီမှုအသင်းမှ ဒုတိယအကြိမ် ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိတ အသင်းထံမှ သိရသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများ (Sinopharm) ဆက်လက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ၊ ရပ်ကွက်များအလိုက် ထိုးနှံရမည့် သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်၏ စုပေါင်းရုံးနှင့် မြို့တော် ခန်းမတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေး ဌာနမှဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Sep 22,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် ဇူလိုင်လအတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး First Phase တွင် ပထမအကြိမ် ထိုးနှံပေးပြီး အကြောင်း အမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုင်တားကျေးရွာ ကျေးလက် ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃၁၀ ဦးရှိပြီး သေဆုံးလူနာ ၁၉ ဦးရှိပြီဖြစ်
Sep 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၁၀ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့နောက်ဆုံးစာရင်းအရ သိရှိရသည်။
ညောင်ဦးမြို့နယ်၌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ပထမနေ့ စတင်ထိုးနှံ
Sep 22,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ပြီး အမှတ်-၅ ရပ်ကွက်ရှိ ရွှေစည်းခုံစေတီတော် ဝတ္တကနယ်မြေအတွင်းရှိ ဝေဇယန္တာဗိမ္ဗာန် တော်ကြီးတွင်စတင် ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်လူနာသစ်(၃၆)ဦးထပ်မံတွေ့ရှိပြီး ဆေးဝါးကုသဆဲ ကိုဗစ်လူနာ(၂၅၄)ဦးရှိ
Sep 22,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုလျော့နည်းပပျောက်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ကုသရေး Centre များရှိ အခမဲ့ဖျားနာ ဆေးခန်းများ၌ ဒေသခံပြင်ပလူနာများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် ဓာတ်ခွဲ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က လူနာသစ်(၃၆)ဦးတွင်ရောဂါပိုးအတည်ပြုတွေ့ရှိရပြီး ကျန်း မာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရသူ(၁၄)ဦး၊ သေဆုံးသူမရှိကြောင်း မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်၌ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅၅နှင့်အထက် ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၇ နာရီက မြိုနယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသော အသက် (၁၈)နှစ်နှင့် အထက် ဒေသခံတိုင်းရင်းသားမိဘပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသော အသက် (၁၈)နှစ် အထက်ဒေသခံတိုင်းရင်းသားမိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှစတင်၍ မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။