သတင်းများ

ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်မှုများဆောင်ရွက်
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက်(၉)နာရီအချိန်တွင် ဆိပ်ကြီးတာဆုံ၌ အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၉၀၅၀) ဦး ပထမအကြိမ် ဆေးထိုးနှံပြီးစီး
Sep 22,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ (၉၀၅၀)ဦးအား ပထမအကြိမ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ပြီး ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် ယနေ့ နံနက် ၉ နာရီက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် ပြည်သူ ၃၉၈၅ ဦးကို ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် နမ်းခမ်းမြို့မကျောင်းဓမ္မာရုံတွင် ယမန်နေ့က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကျေးရွာပြည်သူများ စုစုပေါင်း ၁၇၅ ဦးကို (ပထမဆေးခွဲတမ်း Sinopharm ဆေးအလုံးရေ ၁၁၈၀ လုံး)မှ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ယနေ့ချိန်ထိ ပြည်သူ ၃၉၈၅ ဦးကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Sep 22,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက်ပိုင်းက ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စဉ်ဆက်မပြတ် နေ့စဉ်ဆောင်ရွက်
Sep 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ် ပွားနေမှုကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျိုက်ဒုံ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်အဖွဲ့များမှ စဉ်ဆက်မပြတ် မြို့အဝင်၊ အထွက်နေရာများ၊ ဈေးလမ်းဆုံနေရာများတွင် နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိ လိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Sep 22,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုများပြီး ရောဂါကူးစက်ခံရမှု လျော့နည်းရန် ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများ ထိုးနှံကာကွယ်နိုင်ရန်နှင့် ပြည်သူ့များ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိနားလည်ကာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ တို့က ယမန်နေ့ ညနေ(၆)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ RCC(၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း(၇၃) ရာခိုင်နှုန်းပြီးစီး
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာတွင်(၉၀' ×၃၀') RCC(၂)ထပ် ကျောင်းဆောင်သစ်ကို မေလဆန်းပိုင်းက စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါတွင် (၇၃) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လှည့်လည်အသိပညာပေး နှိုးဆော်
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်‌ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယ‌နေ့နံနက်က လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။