သတင်းများ

အမ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး 
Jul 02,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်းစေပြီး သဘာဝဘေန္တရာယ်များ ကင်းဝေးစေနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က မြတ်စွယ်တော်ဓါတ်ပေါင်းစု ဓမ္မာရုံဝန်းတွင် ပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများဆက်လက်ထုတ်ချေးပေး
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁) ခန်းမ၌ ဆက်လက် ထုတ်ချေးပေးသည်။
ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိ
Jul 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ပေါ်၌ ယမန်နေ့ ညနေပိုင်း က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တောင်တွင်းကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
မော်လမြိုင်မြို့၌ မွန်ပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 02,2021
မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ယနေ့နံနက်၁၀နာရီကမွန်ပြည်နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူငယ်သင်တန်းကျောင်း ကလေး များ လေ့ကျင့်သင်ကြားရေး ကျောင်းခန်းမဆောင်၌ ကျင်းပသည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုး မြှင့်ဆောင်ရွက်လျက်ရှိ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့ပွား မှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ Volunteer များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
လွိုင်လင်ခရိုင် အမျိုးသမီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။