ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများဆက်လက်ထုတ်ချေးပေး

ပခုက္ကူ ဇူလိုင်၂ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁) ခန်းမ၌ ဆက်လက် ထုတ်ချေးပေးသည်။

ပခုက္ကူမြို့နယ်အတွင်း မြေပဲ၊နှမ်း၊ဝါ၊ပဲတီစိမ်း၊ ပဲစဉ်ငုံ၊ကုလားပဲ၊အစေ့ထုတ်ပြောင်း၊ငရုတ်၊ကြက်သွန်များ  စိုက်ပျိုးလုပ် ကိုင်သည့် ကိုင်းအုပ်စုက ဘဏ်အဖွဲ့ဝင် တောင်သူ(၂၄၅)ဦး၏ စိုက်ခင်းဧက (၂၀၄၄)ဧကအတွက် ချေးငွေပမာဏကျပ် (၂၀၄၄ ၀၀၀၀၀) သိန်းနှင့် ညောင်ပင်အုပ်စုက ဘဏ်အဖွဲ့ဝင်(၁၃)ဦး၏ စိုက်ခင်းဧက(၇၃)ဧကအတွက် ချေးငွေပမာဏ ကျပ် (၇၃၀၀ ၀၀၀)သိန်း စုစုပေါင်း စိုက်ခင်းဧက ပေါင်း(၂၁၁၆)ဧကအတွက်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပမာဏပေါင်း ငွေကျပ် (၂၁၁၆ ၀၀၀၀၀)သိန်းတို့ကို ယနေ့တွင် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့အထိ တင်းဂါတ်၊ ကျပ်ထိုး၊ ညောင်းလှ၊ ကွန်းရွာ၊ ချိုင် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူ(၂၀၈)ဦး၏ စပါးစိုက်ခင်းဧက(၃၄၄)နှင့် အခြားသီးနှံ စိုက်ခင်းဧက(၉၄၉)ဧကတို့အတွက် ချေးငွေပမာဏပေါင်းကျပ် (၁၄၆၅၀၀၀၀၀)သိန်းတို့ကို ထုတ်ချေးပြီးဖြစ် ကြောင်း၊ ပခုက္ကူမြို့နယ်အတွင်း ကျေးရွာအုပ်စု(၃၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူ(၄၈၀၀)ဦးရှိပြီး  ၂၀၂၀ပြည့်နှစ်၊ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများအတွက် ဧပြီလအထိ အပြေအကျေပေးချေပြီးသည့် ဘဏ်အဖွဲ့ဝင်တောင်သူများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လကုန်အထိ နောက်ဆုံးထား၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။

ထို့အပြင် ပခုက္ကူမြို့နယ်၊ကိုင်းအုပ်စု မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေစိစစ်ရေး အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “ကျွန်တော် ကတော့ မိုးရာသီစိုက်ပျိုးစရိတ်အတွက် ချေးငွေ (၁၀)သိန်းယူထားပါတယ်၊ ယခင်နှစ် မိုးရာသီတုန်းကလည်း စိုက် ပျိုးစရိတ် (၁၀)သိန်း ယူထားပြီး မြေပဲ(၁၀)ဧက၊ ပဲတီးစိမ်း(၂၅)ဧက၊ ပဲစဉ်းငုံ(၁၅)ဧက၊ ဆောင်းနှံ(၂၅)ဧက တွေကို စိုက်ပျိုးခဲ့ပါ တယ်၊ အရင်းအနှီးနဲ့ပြောမယ်ဆိုရင် မျိုးစေ့ဝယ်ယူစရိတ်၊ မြေဆီဩဇာထည့်စရိတ်၊ပေါင်းသင်စရိတ်နှင့် ထွန်ယက်စရိတ်တွေ အတွက် ကို ငွေကျပ် သိန်း(၃၀)လောက်ကုန်ကျပါတယ်၊ ရာသီဥတုကသိပ်မကောင်းလို့ စိုက်ခင်းတွေမအောင်မြင်ဘဲ (၁၅)သိန်း လောက် အရှုံးပေါ်ခဲ့ပါတယ်၊ ဒီနှစ်ကတော့ အမြတ်အစွန်းရမယ်လို့ ခန့်မှန်းထားပါတယ်၊ ကျွန်တော်တို့က တောင်သူပဲလုပ်ကိုင် တတ်တော့ကျ စိုက်ပျိုးမြေတိုင်း အောင်မြင်ဖြစ်ထွန်းဖို့ဆိုရင် အစိုးရက ချေးငွေတွေ ဒီထက်ပိုချေးပေးနိုင်ရင်တော့ အဆင်ပြေမှာ ပေါ့၊ အပြင်မှာ ငွေတိုးချေးစားတဲ့သူတွေဆီက အတိုးပေးရတဲ့ရာခိုင်နှုန်းပမာဏများလို့ ချီးယူထားမိရင် ပြန်ဆပ်နိုင်ဖို့ကလည်း မလွယ်ပါဘူး”ဟု ပြောသည်။

ဆလိုင်းကိုကီး