ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၆၂၇၀)ဦး ထိုးနှံပြီးစီး
Sep 23,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးရသေးသည့် အသက်(၅၅) နှစ်နှင့် အထက် ရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့တွင် သက်ဆိုင်ရာ စုရပ်များ အသီးသီး၌ ကွင်းဆင်းထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူပေါင်း (၆၂၇၀) ဦးရှိကြောင်း သိရသည်။