လွိုင်လင်ခရိုင် အမျိုးသမီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်လင်   ဇူလိုင်   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်  က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် လွိုင်လင်ခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမော်  က ခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ပါဝင်သည့်ဌာနဆိုင်ရာများ၊  အမျိုးသမီးကော်မတီမှ  ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းတာဝန်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အစီအစဉ်များ၊ ဒေသတွင်းအမျိုးသမီးကိစ္စများနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်ကော်မတီ အဖွဲ့ဝင်များက သိရှိလိုသည်များ နှင့် ဖြည့်စွက်အကြံပြုချက်များကို အပြန်အလှန်ဆွေးနွေးကြပြီးနောက် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ  မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်၊

အဆိုပါ ခရိုင်အမျိုးသမီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)