ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်း ကျဆင်းလာ
Sep 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းက နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝ တမံတွင် မိုးရေဝင်ရောက်မှုများပြီး တမံရေပိုလွှဲမှ ၃ ပေခွဲခန့်အထိ ရေကျော်ကျမှုများရှိခဲ့ပြီး ယခုအခါ မိုးရွာသွန်းမှု ရပ်တန့်သွားပြီဖြစ်၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်း ကျဆင်းလာသဖြင့် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၂ ဒသမ ၈ ပေခန့် ရေကျော်ကျ လျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။