ရွှေပြည်သာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၉၅၄)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိ
Sep 23,2021
နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွား (၉၅၄) ဦး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။