တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်

တောင်တွင်းကြီး ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တောင်တွင်းကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူရှိန်းက အဖွင်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းမှ အမှာစကား ပြောကြားကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ဝင်ငွေရရှိ‌စေရန်ရည်ရွယ်၍ ယခုလိုအမျိုးသမီး အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင် းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသူစုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး ဇူလိုင်လ (၁) ရက်နေ့မှ ဇူလိုင်လ (၃၀) ရက်နေ့ ထိတစ်လကြာမျှ  သင်တန်းဆရာ/ဆရာမများက စာ‌တွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း