မော်လမြိုင်မြို့၌ မွန်ပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မော်လမြိုင် ဇူလိုင် ၂

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ယနေ့နံနက်၁၀နာရီကမွန်ပြည်နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  လူငယ်သင်တန်းကျောင်း ကလေး များ လေ့ကျင့်သင်ကြားရေး ကျောင်းခန်းမဆောင်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  နိုင်လယိတမ(ခ) နိုင်ခင်မောင်ဇင်က ပြည်နယ်အတွင်း   အမျိုးသမီးများနှင့် သက်ဆိုင်သည့်ကဏ္ဍရပ်များဆောင်ရွက်နိုင်ရေးအတွက်ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း ထားကြောင်း၊ မြန်မာ နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ကို  ကိုယ်စားပြုသောအမျိုးသမီးများက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အင်အားစု တစ်ခုဖြစ်ကြောင်း၊  အမျိုးသမီး များကျား/မတန်းတူညီမျှအခွင့်အရေးရရှိမှု၊ ခွဲခြားဆက်ဆံမှုပပျောက်ရေး၊CEDAW နှင့်၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေကိုအခြေခံပြီး အမျိုးသမီးများ  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ    အမျိုးသား အဆင့်မဟာဗျူဟာ(၁၂)ရပ်ကို ဦးတည်ဆောင်ရွက်ကြောင်းနှင့်  အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင် ရေး၊အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းများတွင်လည်း ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်း များမှ  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မွန်ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး မွန်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လဲ့ယဉ်မွန်က  မွန်ပြည်နယ် အမျိုးသမီးကော်မတီ၏  လုပ်ငန်း ဆောင်ရွက်ချက်များကို ပရိုဂျက်တာဖြင့်ရှင်းလင်းတင်ပြသည်။ ထို့နောက်တက်ရောက်လာကြ သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  လူမှုရေးအသင်းအဖွဲ့ဝင်များက   အမျိုးသမီးကဏ္ဍ   ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ မိမိတို့ဌာနအလိုက်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ ကြပြီး အဆိုပါ အစည်းအဝေးမှဆုံးဖြတ်ချက်များနှင့်ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ချမှတ်ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)