အမ်း ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်းစေပြီး သဘာဝဘေန္တရာယ်များ ကင်းဝေးစေနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က မြတ်စွယ်တော်ဓါတ်ပေါင်းစု ဓမ္မာရုံဝန်းတွင် ပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့်ဝန်ထမ်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကျော်ဆန်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်သန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက တက်ရောက်ခဲ့ ကြပြီး ကျွန်း (၂၀၀) ပင်၊ ပျဉ်းကတိုး(၁၇၀)ပင်၊ မဟော်ဂနီ(၃၀)ပင်၊ သကန်းနက်(၃၀)ပင်၊ မန်ဂျန်ရှား (၅၀) ပင်၊ ပိတောက် (၄၀)ပင်၊ ခရေ(၂၀)ပင် စုစုပေါင်းသစ်ပင်(၅၄၀)ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း