မိုးညို ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့ပွား မှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ Volunteer များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မိုးညိုမြို့အဝင်ဂိတ်တွင် ခရီးသွားများနှင့် ကျေးရွာများမှ ဈေး ရောင်း/ဈေးဝယ်လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ကို ဆပ်ပြာဖြင့်ဆေး ကြော၍ ဝင်ရောက်စေခြင်း၊ Mask တပ်ဆင်သွားလာစေရေး ဆောင်ရွက်ပေးခြင်း၊ မြို့နယ် အတွင်း လူအသွားအလာများသည့် နေရာများတွင် Mask Campagin များကို တစ်ပတ်လျှင် (၂)ကြိမ်ပြုလုပ်ပေးခြင်း၊ အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းသို့ လိုက်လံကြေညာပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်ရန် မပျက်မကွက်လုပ်ဆောင်ရမည့် အချက်များပါဝင်သည့် ဗီနိုင်း ပိုစတာများအား အချက်အချာကျသော နေရာများတွင် ကပ်ထားပေးခြင်းစသည့် အသိပညာ ပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးညိုမြို့နယ်တွင် ဇွန်လ ၁၇ ရက် နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့ရာ ယမန်နေ့ အထိ ပိုးတွေ့လူနာပေါင်း ၄၁ ဦးထိ ရှိလာပြီဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာကြဖို့ လိုအပ်ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာန မှသိရသည်။
ကိုမင်း