သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး
Aug 20,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယမန်နေ့နေ့လယ် ၁ နာရီက ပခုက္ကူခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌများ၊ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း မြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများအား အခြေခံ စားသောက်ကုန်လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်း
Aug 20,2021
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ဆွမ်းကွမ်းမပြည့်စုံသည့် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းကိစ္စများ တဖက်တလမ်းမှ အဆင်ပြေကြစေရေး ကာလဒါနသံဃိက အလှူတော်အဖြစ် အခြေခံစားသောက်ကုန်လှူဖွယ်ပစ္စည်းများကို ကော့သောင်းတပ်နယ်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ယမန်နေ့နံနက်ပိုင်းက လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် ဘန်းယဉ်တိုက်နယ်ဆေးရုံသို့အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်း
Aug 20,2021
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ ဩဂုတ် ၁၉ရက် ညနေ ၃နာရီခွဲခန့်က စေတနာရှင်အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့သည်။
ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူ (၅၀၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)များ ထပ်မံထိုးနှံပေးပြီးဖြစ်
Aug 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူ ( ၅၀၀၀ )ဦးအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏   ကြီးကြပ်မှုဖြင့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
နောင်တရားမြို့ပေါ်၌ အခြေခံစားသောက်ကုန်များလိုအပ်နေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ မိသားစုဝင်များအား စားသောက်ကုန်များထောက်ပံ့
Aug 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ပေါ်၌ အခြေခံစားသောက်ကုန်များလိုအပ်နေသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ မိသားစုဝင်များအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် စားသောက်ကုန်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သည်။
သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ
Aug 20,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲခြင်းနှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိ‌ပြီး ကယ်ဆယ်ရေး ပစ္စည်းများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၁၄) ဦး၊ သေဆုံးသူ ( ၃ ) ဦး နှင့်စောင့်ကြည်ကုသဆဲ ( ၅၇ ) ဦး ရှိကြောင်းသိရ
Aug 20,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ဩဂုတ်လ၁၉ ရက်နေ့ ညပိုင်းကကိုဗစ်-၁၉ ရောဂါ သံသယလူနာ ( ၁၆ ) ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ လူနာ ( ၁၄ ) ဦး ထပ်မံတွေ့ရှိ ကြောင်းသိရသည်။ ပိုးတွေ့လူနာများမှာ သံဖြူဇရပ်မြို့ ( ၉ ) ဦး၊ ကျုံကဒတ်ရပ်ကွက် ( ၅ )ဦး တို့ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော
Aug 20,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာ တိုက်ပွဲရှောင်စခန်းနှင့် ကုလားချောင်းကျေးရွာ တိုက်ပွဲရှောင်စခန်းများရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ်-၁၉ ကူး စက်မြန်ရောဂါ ပြန့်နှံမှုမရှိစေရေး နှင့် ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။