သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၁၄) ဦး၊ သေဆုံးသူ ( ၃ ) ဦး နှင့်စောင့်ကြည်ကုသဆဲ ( ၅၇ ) ဦး ရှိကြောင်းသိရ

သံဖြူဇရပ် ဩဂုတ် ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ဩဂုတ်လ၁၉ ရက်နေ့ ညပိုင်းကကိုဗစ်-၁၉ ရောဂါ  သံသယလူနာ ( ၁၆ ) ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ လူနာ ( ၁၄ ) ဦး ထပ်မံတွေ့ရှိ ကြောင်းသိရသည်။  ပိုးတွေ့လူနာများမှာ  သံဖြူဇရပ်မြို့   ( ၉ ) ဦး၊ ကျုံကဒတ်ရပ်ကွက် ( ၅ )ဦး  တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာများကို မြို့နယ် ကိုဗစ်ကော်မတီနှင့်မြို့နယ်ပြည်သူကျန်းမာရေး၊  ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံးစောင့်ကြည့် လူနာဆောင်များသို့ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိပြီး ယနေ့ဆေးရုံးဆင်းလူနာ ( ၅ ) ဦး၊ သေဆုံးသူ ( ၃ ) ဦးနှင့်စောင့်ကြည့်ကုသဆဲ (၅၇ ) ဦးရှိကြောင်း မြို့နယ် ကိုဗစ် - ၁၉ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှသိရသည်။

သံဖြူဇရပ်(ပြန်/ဆက်)