ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူ (၅၀၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)များ ထပ်မံထိုးနှံပေးပြီးဖြစ်

ပုလဲ သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူ ( ၅၀၀၀ )ဦးအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏   ကြီးကြပ်မှုဖြင့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင်  ဦးတည်အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို  ထိုးနှံပေးလျက်ရှိရာ သြဂုတ် ၃ ရက်နေ့တွင် (၅၀၀) ဦး၊ သြဂုတ် ၄ ရက်နေ့တွင် ( ၅၀၀ ) ဦး၊  သြဂုတ်  ၇ ရက်နေ့တွင် ( ၃၁၈ )ဦး၊  သြဂုတ် ၈ ရက်နေ့တွင် (၇၇၆) ဦး၊ သြဂုတ် ၉ ရက်နေ့တွင် ( ၄၀၆ ) ဦး ၊  သြဂုတ် ၁၄ ရက်နေ့တွင်  (၁၀၀၀)ဦး၊  သြဂုတ်  ၁၈ ရက်နေ့တွင် (  ၆၇၉  ) ဦးနှင့် သြဂုတ် ၁၉ ရက်နေ့တွင် (၈၂၁)ဦး စုစုပေါင်း လူဦးရေ ( ၅၀၀၀ )ဦးကို  စုရပ်နေရာများ ဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။

ထို့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်  တိုင်းတာခြင်း၊ သွေးပေါင်ချိန်  တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက် (၆၅)နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသည့်  ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ၊ ဈေးရောင်း/  ဈေးဝယ်များစသည့်ဖြင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်း‌ဇော်ထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဗိုလ်မှူးလှထွဋ်နောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက   ဝိုင်းဝန်းကူညီ  ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  အသက် ( ၆၅ ) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင်   ဦးတည်အုပ်စုများအလိုက်  ကျန်ရှိနေသူများအား   ကိုဗစ်-၁၉   ကာကွယ်ဆေး ထပ်မံရောက်ရှိမှုပေါ် မူတည်၍     ကျန်းမာရေးဝန်ကြီးဌာန၏   လမ်းညွှန်ချက်များနှင့်အညီ   ဆက်လက်၍ ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)