ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် စတင်ထိုးနှံ
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး တတိယ အကြိမ် ထိုးနှံခြင်းအတွက် နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ၊ ဘာသာရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်အသီးသီးတို့အား ထိုးနှံပေးသွားမည် ဖြစ်ရာ ယနေ့ နံနက် ၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။