သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ

သုံးခွ သြဂုတ် ၂၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲခြင်းနှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိ‌ပြီး ကယ်ဆယ်ရေး ပစ္စည်းများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိကြောင်းသိရသည်။

မြို့နယ်အတွင်း မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက် လာပါက မြို့နယ် မီးသတ်ဦးစီးမှူးရုံး ph 191 ၊05640028အား ၂၄နာရီတိုင်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သုံးခွမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ရှာဖွေကယ်ဆယ်ရေးယာဉ်တွင် ပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်ဖွဲ့ဝင် တစ်ဦးချင်း နားလည်တတ်ကျွမ်းကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ခြင်းနှင့်အတူ လူနာသယ်ဆောင်ခြင်း၊ ရှေးဦးပြုစုခြင်းကို သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက သုံးခွမြို့နယ် မီးသတ်စခန်းမှ အချိန်နှင့်တစ်ပြေးညီ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကယ်ဆယ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။