ကျောက်ဖြူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 21,2021
ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက်ကြောင့် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် မုန်တိုင်းအန္တရာယ်နှင့် မိုးရာသီကာလအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက အချိန်မီကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပူးပေါင်းပြီး လူစည်ကားရာနေရာများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။