မြောက်ဦး ဩဂုတ် ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာ တိုက်ပွဲရှောင်စခန်းနှင့် ကုလားချောင်းကျေးရွာ တိုက်ပွဲရှောင်စခန်းများရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူး စက်မြန်ရောဂါ ပြန့်နှံမှုမရှိစေရေး နှင့် ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေး ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက စင်းဘောကိုင်းကျေးရွာတိုက်ပွဲရှောင်စခန်းနှင့် ကုလားချောင်းကျေးရွာ တိုက်ပွဲရှောင်စခန်းများသို့သွားရောက်ပြီး ရခိုင်ပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား တိကျစွာလိုက်နာပြီး ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များအားစနစ်တကျ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆) ပေအကွာမှသာ ပြောဆိုဆက်ဆံနေထိုင်ကြရန်၊ Mask များ စနစ်တကျတပ်ဆင်နည်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်ကို စက္ကန့် ၂၀ ကြာ အောင်စနစ်တကျဆေးကြောနည်းများအား လက်တွေ့သရုပ်ပြသခြင်း၊ နေအိမ် အပြင်ထွက်တိုင်း Mask များ တပ်ဆင်သွားလာကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိ ပညာပေးလက် ကမ်းစာစောင်ဖြန့်ဝေခြင်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အဆိုပါတိုက်ပွဲရှောင်စခန်း များရှိ ပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း