ကန့်ဘလူမြို့တွင် တစ်ရက် လီတာ၄၀အိုး ၁၈၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်
Aug 20,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြု လူနာများ၊ အခြားအောက်ဆီဂျင်လိုအပ်နေသော လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကန့်ဘလူမြို့ ခုတင်၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခုတင်၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး ၊ဌာနဆိုင်ရာများ နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။