သတင်းများ

ကလေးမြို့တွင် တောင်ဖီလာတောင်ရှိ သာသနာ့ဝန်ထမ်းများအား လှူဖွယ်ဝတ္ထုများဆက်ကပ်
Aug 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ တောင်ဖီလာတောင်ပတ်လည်ရှိ ကျောင်းသင်္ခမ်းများတွင် တရားဘာဝနာများကျင့်ကြံ အားထုတ်နေကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးကျောင်း များထံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များကို လုလင်ငယ်လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များစုပေါင်း၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဗန်းမော်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ နေအိမ်များအား ရေဝင်ရောက်သဖြင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေရာချထားပေး
Aug 20,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၁၅၀)စင်တီမီတာဖြစ်ရာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ၌ တိုင်းထွာချက်အရ (၁၀၀၇)စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင် ကိုဗစ်ကော်မတီမှ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ပေးနေသော ပရိတလူမှုကူညီရေးအသင်း အဖွဲ့အစည်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ တောင်နဝန်းဆည်အတွင်း ငါးမျိုးစိုက်ထည့်
Aug 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ ဒေသတွင်းရေလုပ်သားများ အလုပ်အကိုင်ဖွံဖြိုးစေရေးနှင့် ငါးရိက္ခာဖူလုံစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်နဝန်းဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများ၊ ငါးမျိုးစိုက်ထည့်ရေးကြီးကြပ်အဖွဲ့ဝင်များ၊ ဆည်မြောင်းဝန်ထမ်းများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
မိတ္ထီလာမြို့တွင် သက်တော်၆၅ နှစ်နှင့်အထက် သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး
Aug 20,2021
မိတ္ထီလာမြို့တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသည့် သက်တော်၆၅ နှစ်နှင့်အထက် သံဃာတော်များအား ယနေ့ မွန်းလွဲ ၁ နာရီအချိန်က နေရာ ၂ ခု ခွဲ၍ ကိုဗစ်၁၉ ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးကြောင်း သိရသည်။
တာမိုးညဲ မြို့ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း
Aug 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲ ပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိသော ကိုဗစ်အတည်ပြုလူနာများအား ကုသရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက်  (၁၁)နာရီ အချိန်တွင် ဦးတင်ထွန်းနှင့် တာမိုးညဲပြည်သူ့စစ်မိသားစုမှ ပြည်သူ့ဆေးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသင်တန်းကျောင်းမှ ဟိုပုံးပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်စက် တစ်လုံးနှင့် စားသောက်ဖွယ်ရာများလာရောက်လှူဒါန်း
Aug 20,2021
ဟိုပုံးမြို့နယ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အရာရှိစစ်သည် သင်တန်းသားများမိသားစုတို့မှ ဟိုပုံးပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်စက်တစ်လုံးနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ်၌ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေး
Aug 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလ၌ ဈေးကွက်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသရေး၊ ဆေးဝါးနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။