ဒေးဒရဲမြို့နယ်တွင် သာသနာ့ဗိမာန်အား ယာယီဆေးရုံဖွင့်လှစ်နိုင်ရေးဆောင်ရွက်

ဒေးဒရဲ  ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာ့ဗိမာန်အား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် ယာယီဆေးရုံအဖြစ် ပြန်လည်အသုံးပြုရန်ပြင်ဆင်မှုကို ယမန်နေ့နံနက် ၁၁နာရီမှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြင်ဆင်ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဒေးဒရဲမြို့နယ် လူသားချင်း စာနာမှုအကူအညီပေးရေးအဖွဲ့နှင့် မေတ္တာရှင်ပရဟိတအဖွဲ့ဝင်များမှ မြို့နယ်သာသနာ့ဗိမာန်အား ကုတင်(၇၀)ဆန့်ယာယီဆေးရုံအဖြစ် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း