လဟယ် ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တရုတ်နိုင်ထုတ် Sinopharm ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်မှစ၍ လဟယ်မြို့ အ.ထ.က ကျောင်းသီတဂူဆောင်တွင် ထိုးနှံပေးခဲ့ပါသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံနေမှုကို နာဂဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊အတွင်းရေးမှူးဦးနေမင်းသူနှင့်အဖွဲ့ဝင်များ၊လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသွားရောက်ပြီး ကာကွယ်ဆေးထိုးနှံနေမှုကိုကြည့်ရှုပါသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့ပေါ်/ရပ်ကွက်(၄)ရပ်ကွက်များနှင့် လဟယ်မြို့နယ်အတွင်းရှိ ဦးတည်အုပ်စု အသက်(၁၈)နှစ်အထက်၊ သက်ကြီးဘိုးဘွားပြည်သူများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ပထမအသုတ်တွင်(၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင်(၁၀၅)ဦး၊ တတိယအသုတ်တွင်(၂၇၃)ဦး စုစုပေါင်းကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးပြီးသူဦးရေ(၂၂၂၅)ဦးဖြစ်ပြီး ယနေ့ထပ်မံထိုးနှံပေးသည့်Sinopharmကာကွယ် ဆေးမှာလူဦးရေ(၁၀၀၀)ဦးအားထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက်(လဟယ်)