စလင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer)များအတွက် ကျန်းမာရေးအာမခံ Premiumကြေးစာချုပ်များလွှဲပြောင်းပေးအပ်

စလင်း  ဩဂုတ်၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း(Volunteer)များအတွက် ကျန်းမာရေးအာမခံ Premiumကြေး စာချုပ်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်၉နာရီ ၃၀မိနစ်အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစေတနာ့ဝန်ထမ်း(Volunteer)များအတွက် ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်ပြီး တက်ကြွစွာ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ထိုကဲ့သို့ကူညီဆောင်ရွက်ပေးမှုများ အတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စေတနာ့ဝန်ထမ်း(Volunteer)များအတွက် ကျန်းမာ ရေးအာမခံ Premiumကြေးစာချုပ်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကြိုးပန်းဆောင် ရွက်ပေးကြစေလိုကြောင်းနှင့် မိမိတို့အနေဖြင့်လဲ တစ်ဦးနှင့်တစ်ဦး ကျန်းမာရေးကို အထူးဂရု စိုက်ကြစေလိုကြောင်း သို့မှာကူညီရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက်ကူညီဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်း ချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်(၉)ဦးတို့အား ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များ၊ ဝင်ထွက်ခွင့်ကတ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များအတွက် ဆီဂါလံ(၅၀)စီကို စလင်းမြို့နယ်ကြက်ခြေနီအသင်းနှင့် ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီတပ်ဖွဲ့တို့အတွက် ပေးအပ်ရာ စလင်းမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်၊ တပ်ဖွဲ့မှူးဦးတင်အောင် မိုးနှင့် ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီတပ်စုမှူး ဦးမိုးခိုင်စိုးတို့မှ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)