ကသာ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ဧရာဝတီမြစ်ရေသည် ယနေ့ မွန်းလွဲ(၁၂:၃၀)အချိန် တိုင်းတာချက်အရ (၉၆၈)စင်တီမီတာ အထိ မြှင့်တက်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကသာမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သည် (၁၀၄၀)စင်တီမီတာဖြစ်ပြီး ယနေ့ နံနက်(၆:၃၀)အချိန် တိုင်းတာချက်အရ (၉၆၂) စင်တီမီတာအထိ ရှိခဲ့ကြောင်း၊ မြို့နယ်အတွင်းမှ မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် မြစ်ရေများဝင်ရောက်လျက် ရှိရာ သက်ဆိုင်ရာ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသော ပြည်သူများအား အထူးသတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)