အုတ်ဖို သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ ဒေသတွင်းရေလုပ်သားများ အလုပ်အကိုင်ဖွံဖြိုးစေရေးနှင့် ငါးရိက္ခာဖူလုံစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်နဝန်းဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများ၊ ငါးမျိုးစိုက်ထည့်ရေးကြီးကြပ်အဖွဲ့ဝင်များ၊ ဆည်မြောင်းဝန်ထမ်းများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၆၀၀၀၀)၊ ငါးခုံးမကြီးသားပေါက် ကောင်ရေ (၆၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၁၂၀၀၀၀)စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာ ထံမှ သိရသည်။
အောင်သူ(အုတ်ဖို)