တာမိုးညဲ မြို့ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း

တာမိုးညဲ  သြဂုတ်  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲ ပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိသော ကိုဗစ်အတည်ပြုလူနာများအား ကုသရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက်  (၁၁)နာရီ အချိန်တွင် ဦးတင်ထွန်းနှင့် တာမိုးညဲပြည်သူ့စစ်မိသားစုမှ ပြည်သူ့ဆေးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

တာမိုးညဲရှိ ပြည်သူဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာများအားကုသရန် ကုသရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သည့်အောက်ဆီဂျင်အိုးများနှင့်ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လုံလောက်မှုရှိစေရန် ဦးတင်ထွန်းနှင့် တာမိုးညဲမြို့ပြည်သူ့စစ်မိသားစုမှ အောက်ဆီဂျင်အိုး (၄၀)လီတာ ၂ဝလုံး၊ flow meter ၁၀ခု၊ တွန်းလှည်း ၅ခု နှင့် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 တာမိုးညဲမြို့ ကိုဗစ်အတည်ပြုလူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ တာမိုးညဲမြို့ပြ​ည်သူ့ဆေးရုံအုပ် ဒေါက်တာရှိန်ဌေးက လက်ခံခဲ့ကြောင်း သိရသည်။

ခေါန်မိုင်