မိတ္ထီလာ ဩဂုတ် ၂ဝ
မိတ္ထီလာမြို့တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသည့် သက်တော်၆၅ နှစ်နှင့်အထက် သံဃာတော်များအား ယနေ့ မွန်းလွဲ ၁ နာရီအချိန်က နေရာ ၂ ခု ခွဲ၍ ကိုဗစ်၁၉ ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါသံဃာတော်များအားကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပေးရာနေရာများသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်သာသနာရေးမှူး ဦးကိုကိုအောင်တို့ လာရောက်ကြည့်ရှု့အားပေးကြောင်းသိရသည်။ မိတ္ထီလာမြို့နယ်အတွင်း ပရိယတ္တိ ပဋိပတ္တိ ကျောင်းတိုက်များမှာ သီတင်းသုံးနေထိုင်ကြတဲ့ သက်တော်၆၅ နှစ်နှင့်အထက် သံဃာတော်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ပေးတာဖြစ်ပါတယ်။သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်ဘုရားဝန်းအတွင်းက အောင်မင်္ဂလာခန်းမနေရာနဲ့ အောင်ဇေယျာရပ်ကွက်ကိုးနဝင်း ပရိယတ္တိစာသင်တိုက်နေရာ နေရာ ၂ ခုခွဲပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးတာဖြစ်ပါတယ်။ ဒီနေ့ တော့ နေရာ ၂ နေရာ မှာ စုစုပေါင်း သံဃာတော် ၅ဝဝပါး ခန့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့စီစဉ်ထားရှိပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် သံဃာတော်များကိုပဲ ထိုးပေးဖို့ စီစဉ်ထားပေမယ့် ကြွရောက်လာတဲ့ သံဃာတော်များနဲ့ သီလရှင်ဆရာလေးများအားလုံးကို ကာကွယ်ဆေးထိုးပါတယ်ဟု မိတ္ထီလာ ခရိုင်သာသနာရေးဦးစီးမှူးက ပြောသည်။
အဆိုပါ အသက် ၆၅ နှစ်အထက် သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာတွင် ကြွရောက်ကြသည့်သံဃာတော်များနှင့် သီလရှင်များအားလုံး အားခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ခရိုင်သာသနာရေးဦးစီးဌာနတာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ