နောင်ချို ဩဂုတ် ၂၀ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလ၌ ဈေးကွက်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသရေး၊ ဆေးဝါးနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဆေးဝါးများ ရောင်းချရာတွင် ကိုဗစ်စည်းကမ်းများနှင့်အညီရောင်းချစေရေး၊ နေ့စဉ်သတ်မှတ်ချိန်အတွင်း ဖွင့်လှစ်ရောင်းချစေရေး၊ ပိတ်သိမ်းစေရေး၊ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး၊ ဆေးဝါးများပြတ်လပ်မှု မရှိစေရေး တို့အတွက် အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထွေးငယ် (ပြန်/ဆက်)