တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသင်တန်းကျောင်းမှ ဟိုပုံးပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်စက် တစ်လုံးနှင့် စားသောက်ဖွယ်ရာများလာရောက်လှူဒါန်း

ဟိုပုံး       ဩဂုတ် ၂၀

ဟိုပုံးမြို့နယ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အရာရှိစစ်သည် သင်တန်းသားများမိသားစုတို့မှ ဟိုပုံးပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်စက်တစ်လုံးနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဟိုပုံးမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လျက်ရှိပြီး အတည်ပြုလူနာများ နှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများတွင် ကျန်းမားရေး စောင့်ရှောက်မှုပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အရာရှိစစ်သည် သင်တန်းသားများ မိသားစုတို့မှ ကိုဗစ် -၁၉ အတည်ပြုလူနာများအသုံးပြုရန်အတွက်  Oxygen Concentrator (Air sep 10L / min)အောက်ဆီဂျင်စက် (၁)လုံး၊ တန်ဖိုးငွေကျပ် တစ်ဆယ်သိန်းတိတိနှင့်  ကိုဗစ်-၁၉ ရောဂါကုသလျက်ရှိသော လူနာများ၊ quarantine ဝင်ရောက်နေသော မိဘပြည်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်(၅)အိတ်၊ ကြက်ဥ(၃၀၀)လုံး၊ ဒိန်ချဉ်(၁၀၀)ဗူး၊ နွားနို့ (၅)ပိသာ၊ ခေါက်ဆွဲခြောက် (၅)ဖာ၊ကုလားပဲ(၁၀)ပိသာ၊ဆီ(၅)ပိသာ၊ ငှက်ပျောသီး (၂၂)ဖီး စသည့်  စုစုပေါင်းတန်ဖိုးငွေကျပ် (၂၈၂၇၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းပေးခဲ့ရာ မြို့နယ်ဆရာဝန်နှင့် ကျန်းမားရေးဝန်ထမ်းများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ဇွန်  ၁၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်

၂၀ ရက်နေ့ထိ ရောဂါပိုးတွေ့ရှိသူ ၄၅၃ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

ခင်အိအိသန်း